







လေဝင်လေထွက်ကောင်းမွန်စေမည့်အပေါက်ငယ်လေးများပါရှိသော နူးညံ့သည့်ချည်သားအတွင်း မျက်နှာပြင်


နူးညံ့သော ခါးပတ်ရှုံ့ကြိုး အပြားကြီး ဒီဇိုင်းရှိခြင်း


ထူးခြားသည့် ချည်သားလှိုင်းတွန့်ရှေ့ခါးပတ်ပြားပုံစံ


မည်မျှ ကပ်ခွာပြုလုပ်သည်ဖြစ်စေ ပုံပျက်ခြင်းမရှိ၊ ပွန်းရှခြင်း မရှိစေသည့် Sဒီဇိုင်း Magic Tape


အတွင်းအပြင်နူးညံ့သော ချည်သားဖြင့်ပြုလုပ်ထားခြင်း


သာလွန်ထူးခြားသော 3D အနားဒီဇိုင်း


ယိုစိမ့်မှုကို 2ဆ ကာကွယ်ပေးမည့်ဘေးလိုင်းနှစ်ထပ်ပါရှိခြင်း


ကလေးငယ်များ ပေါင်ပွန်းရှခြင်းမှ ကာကွယ်ပေးသော နူးညံ့၍ လေဝင်လေထွက် ကောင်းမွန်သည့်အပြင်မျက်နှာပြင်အလွှာ


အရည်အသွေးမြင့်Gel


Dynamic Ultra Thin
Size | Kg | Packing Type | Pcs/Packing |
---|---|---|---|
No-2(S) | 3-6 Kg | Bag | 72 |
No-2(S) | 3-6 Kg | Box | 36 |
No-3(M) | 6-9 Kg | Bag | 62 |
No-3(M) | 6-9 Kg | Box | 30 |
No-4(L) | 9-12 Kg | Bag | 54 |
No-5(XL) | 12-17 Kg | Bag | 46 |
သေးခံဘောင်းဘီနှင့် ကလေးကျန်းမာရေး
အဖြေ။ မိမိရင်သွေးငယ်များအလိုက်ဆီး/ဝမ်းသွားတဲ့အကြိမ်ရေ၊ နှုန်းအနည်းအများ မတူညီကြပါဘူး။ အနည်းအများကွာခြားတက်ကြပါတယ်။ ထို့အတွက်လဲလှယ်ပေးရတဲ့အကြိမ်အရေအတွက်လည်း မတူညီနိုင်ပါဘူး။ ပုံမှန်အသုံးပြုကြတာကတော့၃၊ ၄နာရီခြားတစ်ခါ လဲလှယ်ပေးရပါတယ်။ စစချင်းDiaper စပြီးအသုံးပြုတဲ့ကလေးတွေဆိုရင်သေးပူမလောင်အောင်မကြာခဏစစ်ဆေးလဲလှယ်ပေးသင့်ပါတယ်။
အဖြေ။ ကလေးသေးခံဘောင်းဘီတွေကိုပုံမှန်အားဖြင့်မိမိရင်သွေးငယ်ရဲ့ ကိုယ်အလေးချိန်အလိုက်ရွေးချယ်ဝယ်ယူကြရပါတယ်။ပုံမှန်Diaper အထုပ်တွေမှာ ကလေးရဲ့ ကိုယ်အလေးချိန်အလိုက်နဲ့ဆိုဒ်တွေကိုညွှန်ပြထားတာတွေ ပါရှိတဲ့အတွက်မိမိကလေးငယ်ရဲ့ကိုယ်အလေးချိန်နဲ့သင့်တော်မယ့်ဆိုဒ်တွေကို ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ပါတယ်။
အဖြေ။ ညစ်ပေနေတဲ့Diaper ကိုအချိန်ကြာမြင့်စွာ မလဲလှယ်ပေးပါလျှင်သားသားမီးမီးတို့ရဲ့ တင်းပါးလေးတွေမှာ အပူလောင်ခြင်းကို
ဖြစ်စေပါတယ်။ အဲဒီလိုမဖြစ်အောင်ကာကွယ်ရမည့်နည်းတွေကတော့ - - -
(၁) ကလေးသေးခံဘောင်းဘီမှာ ဆီး၊ ဝမ်းသွားထားပြီးပြီဆိုလျှင်ချက်ချင်းလဲလှယ်ပေးရပါမယ်။
(၂) တတ်နိုင်လျှင်လဲလှယ်နေစဉ်နှင့်လဲလှယ်ပြီးခဏတာကိုDiaper မဝတ်ဘဲ ခြောက်သွေ့သန့်ရှင်းစွာဖြင့်ထားရှိနေပါစေ။
(၃) Diaper လဲလှယ်နေစဉ်မှာလည်း Mild Soap၊ နူးညံ့တဲ့အဝတ်စနဲ့သန့်ရှင်းပေးရပါမယ်။ ဆပ်ပြာကတော့ကလေးသုံးဆပ်ပြာ
ဖြစ်ဖို့လိုပါတယ်။
(၄) တစ်သျှူးအစိုကိုအသုံးပြုပြီး သန့်စင်မယ်ဆိုလျှင်လည်း ဓာတုပစ္စည်းအမွှေးနံ့နဲ့အရက်ပျံမပါတဲ့ကလေးသုံး တစ်သျှူးအစိုကို
အသုံးပြုရပါမယ်။