wall
lebay text
3 copy-1
3 copy
4 copy-1
4 copy
5 copy-1
5 copy
6 copy
7 copy
lebay text
1

ပါးလွှာနူးညံ့၍ လေဝင်လေထွက်ကောင်းမွန်သော အပေါ်ယံအလွှာ

အဆင့်မြင့်နည်းပညာ နှင့်ကုန်ကြမ်းပစ္စည်း များကိုသာ အသုံးပြုထားသောကြောင့် အလွန်နူးညံ့ပြီး ကလေးငယ်များ၏ အသားအရေကို စိုစွတ်မှုမဖြစ်စေသည့်အပြင် အပေါက်ငယ်လေးများ ပါရှိသော အတွင်းပိုင်း အပေါ်ယံအလွှာသည်လည်း ဆီးများကို လျှင်မြန်စွာစုပ်ယူနိုင်ခြင်း၊ လေဝင်လေထွက်ကောင်းမွန်ခြင်း တို့ကြောင့်ကလေးများ၏ တင်ပါးကို ကြာရှည်စွာ ခြောက်သွေ့နေစေနိုင်ပါသည်။

2

360°ဆွဲသားခါးပတ်ရှုံ့ကြိုးအပြား

360° ဆွဲသားခါးပတ်ရှုံ့ကြိုးအပြားဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ်အချိုးအစားကိုမူတည်ပြီး သဘာဝအလျောက်ကိုက်ညှိပေးနိုင်ပါသည်။ 360° ရှုံ့ကြိုးခါးပတ်သည်ကလေးရဲ့ လှုပ်ရှားမှုအတိုင်လိုက်လံချုံ့၊ ချဲ့နိုင်သည့်အတွက်ကလေးငယ်များ၏ခါးနှင့်တစ်ထပ်တည်း အမြဲဖြစ်နေသောကြောင့်အနောက်ဘက်မှယိုစိမ့်မှုကိုကာကွယ်ပေးနိုင်ပါသည်

3

နူးညံ့ပျော့ပျောင်း၍ ဖြူစင်ချောမွေ့သော အပြင်အဖြူရောင်အခံလွှာ

လေဝင်လေထွက် ကောင်းမွန်သော အဖြူရောင် အခံလွှာပေါ်တွင် စာများအရုပ်များ ပုံနှိပ်ထားခြင်း မရှိတဲ့အတွက် ကလေးငယ်များကို အသန့်ရှင်းဆုံးသော ဂရုစိုက်မှုကိုပေးနိုင်ပါသည်။ နူးညံ့ပျော့ပျောင်းမှုကို ပေးစွမ်းနိုင်သော အသက်ရှူပေါက် ထောင်သောင်းမကပါဝင်သော အခံလွှာကြောင့်ကလေးငယ်များ၏ တင်ပါးကို ပူလောင်ခြင်း မဖြစ်ပေါ်စေဘဲ အမြဲခြောက် သွေ့အောင် ထိန်းသိမ်းထသောကြောင့် ဆီပူလောင်ခြင်းကို လုံးဝကာကွယ်ပေးနိုင်ပါသည်။

4

နူးညံ့ပျော့ပျောင်း၍ ဖြူစင်ချောမွေ့သော အပြင်အဖြူရောင်အခံလွှာ

အဆင့်မြင့် အပေါက်ငယ်ကလေးများပါသော အပေါ်ယံမျက်နှာပြင်သည် ဆီးများ၏ အပူငွေ့များကို စဉ်ဆက်မပြတ် ဖယ်ရှားပေးနိုင်သည့်အတွက် လေပူများ ခါးတစ်ဝိုက်ရှိ လေထွက်လမ်းကြောင်းများမှ ထွက်ခွာသွားသဖြင့် ကလေးငယ်များကို ပေါ့ပါးလန်းဆန်းစေပါသည်။

5

နူးညံ့ပျော့ပျောင်း၍ ဖြူစင်ချောမွေ့သော အပြင်အဖြူရောင်အခံလွှာ

ကလေးငယ်များအတွက်သင့်လျော်သော အဆင့်မြင့်Gel များကိုသာ အသုံးပြုထုတ်လုပ်ထားသောကြောင့်ပမာဏများစွာစုပ်ယူနိုင်ခြင်း၊ စုပ်ယူထားသည်များကို ကြာရှည်စွာ ထိန်းသိမ်းထားနိုင်ခြင်း တို့ကြောင့် ကလေးငယ်၏ တင်ပါးကို အမြဲခြောက်သွေ့ ပေါ့ပါးနေစေပါသည်။

6

ဘောင်းဘီတိုDesign ထုတ်လုပ်ထားသောကြောင့်ဝတ်/ချွတ် လွယ်ကူစေခြင်

ဘောင်းဘီတိုDesign ထုတ်လုပ်ထားသောကြောင့် ကလေးငယ်များ မတ်တပ်ရပ်၍ လွယ်ကူစွာ ဝတ်ဆင်နိုင်ပါသည်။ ဘေးမှဖြဲထုတ်လိုက်ရုံနှင့်ချွတ်၍ရသောဒီဇိုင်းဟာလည်း ပုံမှန်အားဖြင့် ဖြဲလိုက်ရုံနဲ့ ချွတ်လို့ရနိုင်သောကြောင့် ကလေးငယ်များ အီးအီးပါထားလျှင်လည်း အင်္ကျီနဲ့ အသားအရေကို မညစ်ပတ်စေနိုင်ပါ။

7

သာလွန်ထူးခြားသော 3Dအနား Design

ကမ္ဘာ့အဆင့်မြင့်ဆုံး ခေတ်ရှေ့ပြေးနည်းပညာဖြင့်ပြုလုပ်ထားသော ကြွတက်နေသည့်3Dအနား Design ပုံစံသည်တခြား Diapers များထက် ဘေးဘက်များသို့ ဆီးယိုစိမ့်မှုကို နှစ်ဆကာကွယ်မှုပေးခြင်း၊ ဂွမ်းသားများ လုံးသွားမှုမရှိစေခြင်း၊ ကလေးငယ်များ ခြေထောက်ခွင်မှု မဖြစ်စေခြင်းဖြင့် ပိုမိုကောင်းမွန်သော 3D ဂရုစိုက်မှုကိုပေးစွမ်းနိုင်ပါသည်။

8

အရည်အသွေးမြင့်ဂွမ်းသား

ကလေးငယ်မှာ မည်သို့ပင်ဆော့ကစားလှုပ်ရှားနေပါစေ ဂွမ်းသားများ လုံးသွားခြင်း၊ လိပ်သွားခြင်း လုံး၀ မဖြစ်ပါ။

9

Chemical Free

ကလေးငယ်များ ကျန်းမာရေး ထိခိုက်စေမည့်ဓာတုပစ္စည်းများ (ဥပမာ-အရောင်၊ အနံ့) စသည်တို့ကို အသုံးပြုထားခြင်း လုံးဝမရှိပါ။

lebay text

Happy Playing Pants

SizeKgPacking TypePcs/Packing
No-3(M)6-9 KgBag58
No-3(M)6-9 KgBox30
No-4(L)9-12 KgBag54
No-4(L)9-12 KgBox28
No-5(XL)12-17 KgBag50
No-5(XL)12-17 KgBox26
No-6(XXL)15-19 KgBag46
No-7(XXXL)17 Kg OverBag42
lebay text

သေးခံဘောင်းဘီနှင့် ကလေးကျန်းမာရေး

၁။ ကလေးသေးခံ ဘောင်းဘီကို တစ်နေ့ဘယ်နှကြိမ် လဲပေးသင့်ပါသလဲ။

အဖြေ။ မိမိရင်သွေးငယ်များအလိုက်ဆီး/ဝမ်းသွားတဲ့အကြိမ်ရေ၊ နှုန်းအနည်းအများ မတူညီကြပါဘူး။ အနည်းအများကွာခြားတက်ကြပါတယ်။ ထို့အတွက်လဲလှယ်ပေးရတဲ့အကြိမ်အရေအတွက်လည်း မတူညီနိုင်ပါဘူး။ ပုံမှန်အသုံးပြုကြတာကတော့၃၊ ၄နာရီခြားတစ်ခါ လဲလှယ်ပေးရပါတယ်။ စစချင်းDiaper စပြီးအသုံးပြုတဲ့ကလေးတွေဆိုရင်သေးပူမလောင်အောင်မကြာခဏစစ်ဆေးလဲလှယ်ပေးသင့်ပါတယ်။

၂။ ဘယ်ဆိုဒ်ကိုဝယ်ယူအသုံးပြုသင့်သလဲ။

အဖြေ။ ကလေးသေးခံဘောင်းဘီတွေကိုပုံမှန်အားဖြင့်မိမိရင်သွေးငယ်ရဲ့ ကိုယ်အလေးချိန်အလိုက်ရွေးချယ်ဝယ်ယူကြရပါတယ်။ပုံမှန်Diaper အထုပ်တွေမှာ ကလေးရဲ့ ကိုယ်အလေးချိန်အလိုက်နဲ့ဆိုဒ်တွေကိုညွှန်ပြထားတာတွေ ပါရှိတဲ့အတွက်မိမိကလေးငယ်ရဲ့ကိုယ်အလေးချိန်နဲ့သင့်တော်မယ့်ဆိုဒ်တွေကို ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ပါတယ်။

၃။ ကလေးသေးခံသုံးရင်ကလေးငယ်ရဲ့ တင်းပါးလေးများ အပူမလောင်အောင်ဘယ်လိုပြုမူကာကွယ်သင့်သလဲ။

အဖြေ။ ညစ်ပေနေတဲ့Diaper ကိုအချိန်ကြာမြင့်စွာ မလဲလှယ်ပေးပါလျှင်သားသားမီးမီးတို့ရဲ့ တင်းပါးလေးတွေမှာ အပူလောင်ခြင်းကို
ဖြစ်စေပါတယ်။ အဲဒီလိုမဖြစ်အောင်ကာကွယ်ရမည့်နည်းတွေကတော့ - - -
(၁) ကလေးသေးခံဘောင်းဘီမှာ ဆီး၊ ဝမ်းသွားထားပြီးပြီဆိုလျှင်ချက်ချင်းလဲလှယ်ပေးရပါမယ်။
(၂) တတ်နိုင်လျှင်လဲလှယ်နေစဉ်နှင့်လဲလှယ်ပြီးခဏတာကိုDiaper မဝတ်ဘဲ ခြောက်သွေ့သန့်ရှင်းစွာဖြင့်ထားရှိနေပါစေ။
(၃) Diaper လဲလှယ်နေစဉ်မှာလည်း Mild Soap၊ နူးညံ့တဲ့အဝတ်စနဲ့သန့်ရှင်းပေးရပါမယ်။ ဆပ်ပြာကတော့ကလေးသုံးဆပ်ပြာ
ဖြစ်ဖို့လိုပါတယ်။
(၄) တစ်သျှူးအစိုကိုအသုံးပြုပြီး သန့်စင်မယ်ဆိုလျှင်လည်း ဓာတုပစ္စည်းအမွှေးနံ့နဲ့အရက်ပျံမပါတဲ့ကလေးသုံး တစ်သျှူးအစိုကို
အသုံးပြုရပါမယ်။

lebay text