Thin-Love Happy Move
lebay text
4 copy
5 copy
6 copy
lebay text
1

ဘောင်းဘီကဲ့သို့ ဝတ်ဆင်ရလွယ်ကူခြင်း

360° ပတ်ပတ်လည်ရှိ နူးညံ့သော ခါးပတ်ရှုံ့ကြိုးနှင့် ဘောင်းဘီလေးဟာ စမတ်ကျကျ ရှိစေသည့်အပြင် ဘောင်းဘီကဲ့သို့ ဝတ်ဆင်ရ လွယ်ကူခြင်းနှင့် ဘေးဘက် အနားသား ကို ဖြဲလိုက်ရုံနှင့် ချွတ်ရ လွယ်ကူခြင်း။

2

360° ဆွဲသားခါးပတ် ရှုံ့ကြိုးအပြားပါရှိခြင်

ယင်းခါးပတ်သည် ကလေးငယ်များရဲ့ အရွယ်အချိုးအစားကိုလိုက်၍ ပြောင်းလဲနိုင်ခြင်းရှိသည့်အတွက် ကလေးခါးနှင့် တစ်ထပ်တည်း ဖြစ်နေသောကြောင့် ယိုစိမ့်ခြင်းကို အဖက်ဖက်မှကာကွယ်ပေးခြင်း။360°ခါးပတ်ရှုံ့ကြိုးအပြား ဆိုသော်လည်း အလွန်နူးညံ့သော မျက်နှာပြင်အလွှာများကြောင့် ကလေးအသားအရေကို ထိခိုက်မှုမရှိစေဘဲ မည်မျှလှုပ်ရှား ဆော့ကစားစေကာမူ သက်သောင့်သက်သာ ရှိစေခြင်း။

3

5D စက်ဝိုင်းပုံ သဏ္ဍာန် ဖောင်းကြွ မျက်နှာပြင် အသားဖြစ်ခြင်း

အရည်အသွေးမြင့် စက်ဝိုင်းပုံချည်သား ဖောင်ကြွမျက်နှာပြင် ရှိခြင်းကြောင့် အရေပြားနှင့် တိုက်ရိုက် ထိတွေ့မှုလျော့ချနိုင်ခြင်း၊ စုပ်ယူအားကောင်းသော မျက်နှာပြင်ကျယ်ရှိခြင်း ကြောင့်ခြောက်သွေ့မှု လျှင်မြန်စေပြီး ကလေးငယ်များကို ပိုမိုလွတ်လပ်ပျော်ရွှင်စေခြင်း။

4

3Dပုံစံဖောင်းကြွ အနားဒီဇိုင်း

ဖောင်းကြွ 3Dအနားဒီဇိုင်း ပုံစံသည် ဘေးဘက်များသို့ ဆီးယိုစိမ့်ထွက်မှု ကို နှစ်ဆကာကွယ်မှုပေးခြင်း၊ ဂွမ်းသားများ လုံးသွားမှု မရှိစေခြင်း၊ ကလေးငယ်များ ခြေထောက်ခွင်မှု မဖြစ်ပေါ်စေခြင်း။

5

ယိုစီးမှု မဖြစ်စေရန် နှစ်ထပ် အနားသတ် ပါရှိခြင်း

ကလေးငယ်များရဲ့ လှုပ်ရှားမှုတိုင်းမှာ ပတ်ဝန်းကျင်နှင့် အံဝင်ခွင်ကျဖြစ်စေတဲ့ နှစ်ထပ် အနားသတ်ပါရှိသော ဒီဇိုင်းက ဘေးဘက်မှ ယိုစိမ့်ထွက်မှုကို လုံးဝမရှိစေပါ။

6

လေဝင်လေထွက် ကောင်းမွန်ခြင်း

လေဝင်လေထွက် ကောင်းမွန်သော အဖြူရောင် အခံအလွှာသည် ကလေးငယ်များ ကိုအသန့်ရှင်းဆုံး ဂရုစိုက်မှုပေးနိုင်ခြင်း၊ မျက်နှာပြင်တွင် လေဝင်လေထွက် ကောင်းမွန်စေရန် အပေါက်ငယ် ထောင်သောင်းများစွာ ပါရှိသော အခံလွှာကြောင့် အမြဲခြောက်သွေ့နေပြီး ကလေးငယ်များ သေးပူလောင်ခြင်းမှ ကာကွယ်နိုင်ခြင်း၊ အဆင့်မြင့် အပေါက်ငယ်လေးများပါသော မျက်နှာပြင်သည် ဆီးများ၏ အပူငွေ့များကို စဉ်ဆက်မပြတ် ဖယ်ရှားပေးနိုင်ခြင်း ရှိသည့်အပြင်360° ခါးရှုံ့ကြိုးအပြား ရှိလေထွက်လမ်းကြောင်းမှလည်း ထွက်နိုင်သဖြင့် ကလေးငယ်များကို ခြောက်သွေ့ ပေါ့ပါး လန်းဆန်းစေပါသည်။

သေးခံဘောင်းဘီနှင့် ကလေးကျန်းမာရေး

၁။ ကလေးသေးခံ ဘောင်းဘီကို တစ်နေ့ဘယ်နှကြိမ် လဲပေးသင့်ပါသလဲ။

အဖြေ။ မိမိရင်သွေးငယ်များအလိုက်ဆီး/ဝမ်းသွားတဲ့အကြိမ်ရေ၊ နှုန်းအနည်းအများ မတူညီကြပါဘူး။ အနည်းအများကွာခြားတက်ကြပါတယ်။ ထို့အတွက်လဲလှယ်ပေးရတဲ့အကြိမ်အရေအတွက်လည်း မတူညီနိုင်ပါဘူး။ ပုံမှန်အသုံးပြုကြတာကတော့၃၊ ၄နာရီခြားတစ်ခါ လဲလှယ်ပေးရပါတယ်။ စစချင်းDiaper စပြီးအသုံးပြုတဲ့ကလေးတွေဆိုရင်သေးပူမလောင်အောင်မကြာခဏစစ်ဆေးလဲလှယ်ပေးသင့်ပါတယ်။

၂။ ဘယ်ဆိုဒ်ကိုဝယ်ယူအသုံးပြုသင့်သလဲ။

အဖြေ။ ကလေးသေးခံဘောင်းဘီတွေကိုပုံမှန်အားဖြင့်မိမိရင်သွေးငယ်ရဲ့ ကိုယ်အလေးချိန်အလိုက်ရွေးချယ်ဝယ်ယူကြရပါတယ်။ပုံမှန်Diaper အထုပ်တွေမှာ ကလေးရဲ့ ကိုယ်အလေးချိန်အလိုက်နဲ့ဆိုဒ်တွေကိုညွှန်ပြထားတာတွေ ပါရှိတဲ့အတွက်မိမိကလေးငယ်ရဲ့ကိုယ်အလေးချိန်နဲ့သင့်တော်မယ့်ဆိုဒ်တွေကို ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ပါတယ်။

၃။ ကလေးသေးခံသုံးရင်ကလေးငယ်ရဲ့ တင်းပါးလေးများ အပူမလောင်အောင်ဘယ်လိုပြုမူကာကွယ်သင့်သလဲ။

အဖြေ။ ညစ်ပေနေတဲ့Diaper ကိုအချိန်ကြာမြင့်စွာ မလဲလှယ်ပေးပါလျှင်သားသားမီးမီးတို့ရဲ့ တင်းပါးလေးတွေမှာ အပူလောင်ခြင်းကို
ဖြစ်စေပါတယ်။ အဲဒီလိုမဖြစ်အောင်ကာကွယ်ရမည့်နည်းတွေကတော့ - - -
(၁) ကလေးသေးခံဘောင်းဘီမှာ ဆီး၊ ဝမ်းသွားထားပြီးပြီဆိုလျှင်ချက်ချင်းလဲလှယ်ပေးရပါမယ်။
(၂) တတ်နိုင်လျှင်လဲလှယ်နေစဉ်နှင့်လဲလှယ်ပြီးခဏတာကိုDiaper မဝတ်ဘဲ ခြောက်သွေ့သန့်ရှင်းစွာဖြင့်ထားရှိနေပါစေ။
(၃) Diaper လဲလှယ်နေစဉ်မှာလည်း Mild Soap၊ နူးညံ့တဲ့အဝတ်စနဲ့သန့်ရှင်းပေးရပါမယ်။ ဆပ်ပြာကတော့ကလေးသုံးဆပ်ပြာ
ဖြစ်ဖို့လိုပါတယ်။
(၄) တစ်သျှူးအစိုကိုအသုံးပြုပြီး သန့်စင်မယ်ဆိုလျှင်လည်း ဓာတုပစ္စည်းအမွှေးနံ့နဲ့အရက်ပျံမပါတဲ့ကလေးသုံး တစ်သျှူးအစိုကို
အသုံးပြုရပါမယ်။